Nagato (Pein): Akatsuki Leader

Go down

Nagato (Pein): Akatsuki Leader

Post  Uzumaki Naruto on Sat May 22, 2010 1:18 pm



Nagato ရဲ့ခန္ဓာကိုယ်အမှန်

အဆင့်အတန်း - S-Class
မွေးနေ့ - September 19
အရပ် - 176.5 cm (Deva path)
အလေးချိန် - 57.2 kg (Deva path)
လိင် - ယောက်ျား
သွေးအုပ်စု - A
လက်စွပ် - 零 (nothing, zero) (သုည)
လက်စွပ်နေရာ - ညာဘက်လက်မ
အရင်လုပ်ဖေါ်ကိုင်ဖက် - Konan
ဆက်နွှယ်မှု - Amegakure, Akatsuki
ယခင်အဖွဲ့ - Ame Orphans
တာဝန် - Amegakure ခေါင်းဆောင်၊ ရွာခေါင်းဆောင်

သဘာဝပုံသဏ္ဍာန်

- Fire
- Wind
- Lightening
- Earth
- Water
- Yin-Yang နဲ့သဏ္ဍာန်တူတဲ့ ခြောက်ခုမြောက်သဘာဝပုံသဏ္ဍာန်ပြောင်းခြင်း

Jutsu/လက်နှက်တွေ
- Banshō Ten'in
- Blocking Technique Absorption Seal
- Chakra Disruption Blades
- Chakra Propulsion Boots
- Chibaku Tensei
- Five Seals Barrier
- Flaming Arrow Missiles
- Flaming Arrow of Amazing Ability
- Illusionary Dragon Nine Consuming Seals
- King of Hell
- Laser Explosion
- Magic Lantern Body Technique
- Mirrored Sudden Attacker
- Outer Path: Samsara of Heavenly Life Technique
- Rain Tiger at Will Technique
- Shadow Clone Technique (Anime only)
- Shapeshifting Technique
- Shinra Tensei
- Six Paths of Pain
- Soul Removal
- Summoning: Demonic Statue of the Outer Path
- Summoning Technique (Multiple)
- Wind Release: Violent Wind Palm


[justify]Nagato , Pein အဖြစ်အသိများကြတဲ့သူဟာ Akatsuki နဲ့ Amegakure ရဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်ခြင်းခံရပါတယ်... ဇာတ်လမ်းမှာလဲ အဓိကရန်သူဖြစ်ခဲ့ပါတယ်... Konan (သူ့နာမည်အရင်းကိုခေါ်တဲ့သူ) ကလွဲလို့ Akatsuki အဖွဲ့ဝင်အားလုံးက "Leader" အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ သူဟာ တခြားကျန်တဲ့ အဖွဲ့ဝင်တွေလုပ်ဆောင်ရမှာကို ညွှန်ပြပါတယ်။ နောက်ပြီး သူတို့အပေါ်အာဏာရှိသူအဖြစ်တည်ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ... သူဟာ Akatsuki ရဲ့အကျိုးရှိစေသူ ... အမှန်တကယ် Uchiha Madara ဖြစ်တဲ့ ... Tobi နဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။

ဒုတိယ အကြီးဆုံး Shinobi ကမ္ဘာစစ်ဖြစ်တုန်းက ... Nagato ဟာ သူရဲ့မိဘတွေနဲ့အတူ Amegakure အနီးက ရွာလေးတစ်ရွာမှာနေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာ Konoha Shinobi နှစ်ယောက်ဟာ သူတို့အိမ်ကို အတင်းဝင်ရောက်လာပြီး အစားအစာကိုရှာဖွေကြပါတယ် .... ဒီနေရာမှာနေထိုင်ကြတာကို အမှတ်တမဲ့ဖြစ်သွားခဲ့ပါတယ်။ Nagato ရဲ့မိဘတွေဟာ သူတို့ဟာ အသတ်ခံရတော့မယ်ဆိုတာကို ယုံကြည့်ရတဲ့အတွက် အဲ့ဒီနှစ်ယောက်ကို တိုက်ခိုက်ကြပါတယ်.. အဲ့ဒီအတွက် Nagato ဟာ လွတ်မြောက်သွားပါတယ်။ ရန်သူ Ninja ဖြစ်တဲ့ Konoha ninja တွေဟာ သူ့မိဘတွေကိုသတ်သွားတယ်လို့တွေးမိပါတယ်။ သူ့ရဲ့သောကကြောင့် ... Nagato ရဲ့ Rinnega ဟာနိုးထလာခဲ့ပြီးတော့ ကျူးလွန်သူတွေကိုသတ်လိုက်ပါတယ်။ သူဟာ ဒီ အဖြစ်အပျက်ဟာ သူ့ဘ၀ရဲ့ပထမဆုံးသော အကြီးမားဆုံးနာကျင်မှုလို့ စဉ်းစားဆင်ခြင်မိလာပါတယ်...




Nagato ငယ်စဉ်က..

သူ့မိသားစုပြိုကွဲသွားတဲ့အခါမှာ... Nagato ဟာ နိုင်ငံကိုလှည့်လည်ခဲ့ပါတယ်... အိမ်တစ်အိမ်ကနေတစ်အိမ်ပြောင်းပြီးတော့ အစာတောင်းခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူဟာ Chibi လို့အမည်ရတဲ့ ခွေးလေးနဲ့တွေ့ဆုံခဲ့ပါတယ်... အဲ့နောက်မှာ Konan... Yahiko တို့နဲ့တွေ့ပြီး သူနဲ့အတူအစာရှာဖို့အတွက်အတူတူခရီးထွက်ခဲ့ပါတယ်။
တစ်နေ့မှာ Chibi ဟာ Hanzō နဲ့ Sannin တွေ တိုက်ခိုက်မှုကြားထဲမှာ အသတ်ခံလိုက်ရပါတယ်။ Nagato ဟာ ခွေးလေးရဲ့သေဆုံးမှုကို ၀မ်းနည်းပူဆွေးခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာ .. မိဘမဲ့လေးသုံးယောက်ဟာ Sannin တွေဆီပြေးသွားခဲ့ပါတယ်။ Konoha ကိုတခြားအသင်းသားတွေနဲ့အတူတူပြန်သွားရမယ့်အစား ... Jiraiya ဟာ သူတို့သုံးယောက်ကို သူတို့ကိုယ်သူတို့ကြည့်ရှုနိုင်တဲ့အထိ သင်ကြားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။




Jiraiya ရဲ့သင်ကြားမှုပြီးဆုံးချိန်က Amegakure မိဘမဲ့လေးတွေ

မိဘမဲ့လေးတွေနဲ့အတူ Jiraiya နေထိုင်နေတဲ့အတွင်းမှာ ... Nagato နဲ့ Yahiko ဟာ Iwagakure Ninja ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ Nagato ဟာ သူ့ရဲ့
Rinnegan ကိုအ အသုံးပြုခဲ့ပြီး Yahiko ကိုကယ်တင်ကာ အဲ့ဒီ Ninja ကိုသတ်ခဲ့ပါတယ်။ Jiraiya အဲ့ဒီအကြောင်းအရင်းကို သိသွားတဲ့အခါမှာ ... သူတို့ကို Ninjutsu သင်ကြားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Nagato ဟာ Ninja ကိုသတ်တဲ့အတွက် အလွန် စိတ်လှုပ်ရှားပြီးတော့ Konan နဲ့ Yahiko ကိုသူကာကွယ်နိုင်မလား ဆိုပြီးတော့ Jiraiya ကိုမေးခဲ့ပါတယ်။Jiraiya ရဲ့တုန့်ပြန်မှုကတော့ Nagato ဟာကြီးပြင်းလာပြီးတော့ သူတို့အားလုံးကမ္ဘာကြီးအတွက် တောင့်တတဲ့အချိန်မှာ Nagato ရဲ့မျက်လုံးကို ငြိမ်းချမ်းရေးရှာဖွေတဲ့နေရာမှာအသုံးပြုစေလိုပါတယ်။ သုံးနှစ်ကြာတဲ့အခါမှာတော့ မိဘမဲ့လေးတွေဟာ စွမ်းရည်ရှိတဲ့ Ninja တွေဖြစ်လာခဲ့ကြပါတယ်.. ဒါကြောင့် Jiraiya ဟာ Konoha ကိုပြန်သွားခဲ့ပါတယ်။


Deva Path ရဲ့ Rinnegan

နှစ်တွေကြာတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ ထူးခြားတဲ့ သူရသတ္တိလုပ်ငန်း သတင်းတွေဟာ Jiraiya ဆီရောက်သွားခဲ့ပါတယ်။ တစ်ခါတစ်ရံ သူတို့ကို အာခံတဲ့သူတွေသေဆုံးတဲ့အကြောင်းလည်းပါပါတယ်.. နောက်ဆုံးမှာတော့ သူတို့အားလုံးသေဆုံးတဲ့စကား ရောက်ရှိသွားပါတယ်။ အမှန်တကယ်မှာတော့... Nagato, Konan နဲ့ Yahiko တို့ဟာ ငြိမ်းချမ်းရေးရှာဖွေဖို့ စူးစမ်းမှုတွေစတင်လုပ်ဆောင်ကြပါတယ်။ သူတို့ဟာ Amegakure ninja နဲ့ပြည့်စုံလာပြီးတော့ သူတို့ရဲ့စစ်ကြီးပြီးဆုံးဖို့တွေးခေါ်ကြတဲ့အတွေးတွေကိုမျှဝေကြတဲ့နောက်လိုက်တွေကို စုစည်းမိခဲ့ပါတယ်။ Amegakure ခေါင်းဆောင် Hanzō ဟာ အဲ့ဒီအဖွဲဟာ သူ့နေရာကိုခြိမ်းခြောက်လာတယ်လို့မြင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့ကိုရှင်းပစ်ဖို့ Konoha ရဲ့အုတ်မြစ်တည်ထောင်သူတွေနဲ့ပူးပေါင်းကြံစည်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအကြောင်းဆွေးနွေးဖို့အခွင့်အရေးတောင်းဆိုပြီးတော့ Hanzō ဟာ Nagato, Yahiko နဲ့ Konan တို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ဖြားယောင်းခဲ့ပါတယ်။ အဲ့နောက်မှာ သူဟာ Nagato ကို Yahiko ကိုသတ်ဖို့နဲ့ Konan နဲ့ တစ်ခုကိုရွေးချယ်ဖို့ တွန်းအားပေးခဲပါတယ်။ Nagato ကိုရွေးချယ်ဖို့တွန်းအားပေးတာမလိုချင်ပဲ .. Yahiko ဟာ Nagato ရဲ့လက်ထဲမှာကိုင်ထားတဲ့ kunai နဲ့ သူ့ကိုယ်သူ ထိုးသေခဲ့ပါတယ်။ Yahiko ဟာသေလုမြောပါးအသက်ရူသံနဲ့အတူ Nagato ကိုအသက်ရှင်နေရမယ်လို့ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Yahiko ဟာ Nagato ဟာ တစ်နေ့မှာ ကမ္ဘာကြီးကိုကယ်တင်တဲ့သူဖြစ်လာမယ်ဆိုတဲ့ Jiraiya ရဲ့စကားကိုယုံကြည်ခဲ့လို့ပဲဖြစ်ပါတယ်.. ။ ဒါဟာ Nagato ရဲ့ဘ၀မှာ ဒုတိယမြောက် အကြီးမားဆုံးနာကျင်မှုပဲဖြစ်ပါတယ်....

အကြီးအကျယ်ပျက်စီးသွားတဲ့နောက်.... Nagato ဟာ Konan နဲ့ Yahiko ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ရယူခဲ့ပါတယ်... နောက်ပြီးတော့ Hanzō ရဲ့လူတွေနဲ့စတင်တိုက်ခိုက်ပါတော့မယ်။ Summoning: Demonic Statue of the Outer Path နဲ့အတူ .. သူဟာ Hanzō ကလွဲပြီးကျန်လူအားလုံးကိုသတ်နိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ... ဒီနည်းပညာဟာ Nagato ကိုတဖြည်းဖြည်းချို့တဲ့ကြုံလှီလာစေပါတယ်။ သူ့ရဲ့ကျောမှာများစွာသော Chakra တုတ်တွေနှစ်မြုပ်နေလျှက်နဲ့ပေါ့။ သူဟာ Amegakure ကိုသူ့ရဲ့ Amegakure ကို သစ္စာစောင့်သိမှုပြင်းထန်စွာကြောင်း Amegakure တံဆိပ်နဖူးစည်းကို ခြစ်ရာလုပ်ပြီးတော့ ... ရွာကို သင်ကြားပြသဖို့ဆုံးဖြတ်ပြီးတော့ သူ့ရဲ့နာကျင်မှုတွေရဲ့ကမ္ဘာအဖြစ်သတ်မှတ်ခဲ့ပါတယ်။ Yahiko ရဲ့ ခန္ဓာကိုယ်ကတော့ မကြာမီမှာတင် Deva path အဖြစ် Six Paths of Pain ထဲကိုသိမ်းသွင်းခြင်းခံခဲ့ပါတယ်။

"Pein" အဖြစ်အမည်ပြောင်းလက်ခံအတည်ပြုတဲ့ အပေါ်မှာ... Nagato ဟာ Amegakure နိုင်ငံစစ်တွင်းက သူပုန်အင်အားတွေကို လွှမ်းမိုးခဲ့တယ်... နောက်ပြီး Hanzō ကို ချောင်းမြောင်းသတ်ဖြတ်ဖို့ ရွာကိုထိန်းချုပ်ဖို့ယူခဲ့ပါတယ်။ Nagato ဟာအဲ့နောက်မှာ အရင်ခေါင်းဆောင်ဟောင်းနဲ့တိုက်ရိုက်ပတ်သတ်တဲ့သူမှတ်သမျှကို စနစ်တကျ သတ်ပြီးတော့ သူ့ရဲ့ဦးဆောင်မှုကို ကျစ်လစ်လာစေခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူဟာ Akatsuki တည်ထောင်တဲ့နေရာမှာ Amegakure ကိုသူရဲ့ လုပ်ငန်းစဉ်တွေရဲ့အခြေခံအဖြစ် Uchiha Madara ကိုအကူအညီပေးပါတယ်။




Pein ပထမဆုံးထွက်ပေါ်လာချိန်က ...

Nagato ဟာ စိတ်လှုပ်ရှားလွယ်ပေမယ့် ကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်ပါ... ငိုချင်သလိုခံစားနေတတ်တယ်... နောက်ပြီးတော့ လူတွေကိုသတ်တဲ့အကြံဉာဏ်ကြောင့် စိတ်ကြောင့်ရတဲ့ဒဏ်ရာဖြစ်သွားခဲ့ပါတယ်... သူရဲ့သူငယ်ချင်း Yahiko ကိုကယ်ဖို့အထိဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာထဲကသူ့နေရာဟာမသေချာတော့ပဲနဲ့ အမာရွတ်ဖြစ်သွားခဲ့ပါတယ် ... သူဂရုစိုက်တဲ့အရာတွေကိုကူညီဖို့အလိုရှိခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိခဲ့ပါဘူး။ သို့ပေမယ့်လည်း Nagato ဟာ အလွန်ကျွမ်းကျင်လိမ္မာတဲ့သူဖြစ်ပြီးတော့ ပါရမီရှိတဲ့တပည့်တစ်ယောက်ပါ။ Jiraiya သူ့ကိုသင်ပေးသမျှ နည်းပညာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်ပါတယ်။ သူဟာ ရိုသေလေးစားမှုနဲ့ညီညွှတ်ပြီးတော့ ... Amegakure မှာသူ့ရဲ့ "Angel" နတ်သမီးအဖြစ် ယူဆထားခဲ့တဲ့ Konan ကိုလည်း ကြင်နာပါတယ်.. ။ Nagato ဟာ သူ့ရဲ့ဆရာဟောင်း Jiraiya နဲ့တိုက်ခိုက်မှုမတိုင်ခင်မှာ Konan ကို ခွင့်တောင်းခြင်း ဒါမှမဟုတ် ချီတုံချတုံမဖြစ်ပဲ ကာကွယ်နေတာကိုဖော်ပြခဲ့ပါတယ်။ သိသာထင်ရှားစွာနဲ့ ... Konan ဟာ Nagato နဲ့ Pein အဖြစ် သူ့ရဲ့နာမည်တွေနဲ့သတ်မှတ်ခေါ်တဲ့ တစ်ဦးတည်းသော Akatsuki
အဖွဲ့ဝင်တစ်ယောက်ပါ...။



Pein 6 ယောက်

Pein အနေနဲ့ ... သူ့ရဲ့ ဥပဓိရုပ်ဟာ ကွဲပြားသွားပါတယ်။ ငြိမ်ငြိမ်သက်သက်နေလာတယ်... တည်ကြည်လေးနက်လာတယ်.. လှမ်းလှမ်းဝေးဝေးနေတယ်... နောက်ပြီးတော့ တသီးတသန့်လူတစ်ယောက်ဖြစ်သွားပါတယ်။ သိသာထင်ရှားစွာနဲ့... သူရဲ့ ငယ်စဉ်က အဖြစ်အပျက်တွေက သူ့ကို နာကျင်မှုနဲ့ ခံစားရမှုတွေရဲ့ အဓိပ္ပာယ်အမှန်ကို သဘောပေါက်အောင်ရှင်းလင်းပြသတဲ့အတွက် စိတ်ထိခိုက်လို့ပြောင်းသွားတဲ့စိတ်လို့ယုံကြည်ပါတယ်။ သူဟာ ကိုးကွယ်ခံရသူအဖြစ် သူ့ကိုသူ ယူဆခဲ့ပါတယ်။ နောက်ပြီးတော့ သူ့မှာ လူဖြစ်ရုံမျှသာရဲ့နောက်ကွယ်က တဖြည်းဖြည်းတစ်ဆင့်ဆင့်တိုးတက်မှုရှိတယ်လို့ ယုံကြည့်ခဲ့ပါတယ်။ သူဟာ အပြီးသတ်အကြီးမားဆုံးလက်နှက်တွေ အသုံးပြုပြီးတော့ အနာဂတ်စစ်တွေကိုတားဆီးပိတ်ပင်ဖို့ ကမ္ဘာကြီးကို နာကျင်မှုရဲ့အဓိပ္ပာယ်ကိုပြသဖို့ ရှာဖွေခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ "mutually assured destruction' (အပြန်အလှန်အကျိုးဖြစ်စေတဲ့ သေချာစေတဲ့ ဖျက်ဆီးခြင်း)ဆိုတဲ့စကားနဲ့ တူညီပါတယ်။ နောက်ပြီးတော့ သူ့ရဲ့လုပ်ဆောင်မှုတွေ့နဲ့ပတ်သတ်ပြီး သေလောက်တဲ့ စိတ်ညစ်ညူးခြင်းမရှိကြောင်း ပြသခဲ့ပါတယ်။ သူဟာ Jiraiya ကိုသတ်ပြီးတော့ သူ့ရဲ့အစီအစဉ်တွေ ပြီးစီးခြင်း သေချာစေဖို့ စိတ်ပါလျှက်ရှိခဲ့ပါတယ်။ သူဟာ ဒီလောက်အထိ လုပ်ဆောင်ခဲ့ရတာက သူ့ကိုယ်သူ "god of peace" (ငြိမ်းချမ်းရေးရဲ့နတ်ဘုရား) အဖြစ် ထုတ်ပြန်ကျေညာဖို့ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးကို နာကျင်မှုတွေအကြောင်းလမ်းညွှန်ဖို့အချိန်စေ့လာခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ... သူဟာ တစ်စုံတစ်ယောက်ကမှ ငြိမ်းချမ်းမှုရဲ့အစစ်အမှန်ကိုနားမလည်နိုင်ဘူးလို့ခံစားရပါတယ်.. မဟုတ်ရင် သူတို့ဟာ "true" စစ်မှန်တဲ့ နာကျင်မှုကို နားလည်ခဲ့ကြပါမယ်...
သူ့ရဲ့ကလေးဘ၀သူငယ်ချင်း Yahiko ယုံကြည်ခဲ့သလိုမျိုးအရာပေါ့... Minato Namikaze ဟာ Nagato ကို ကျင်လည်စွာထိန်းချုပ်နိုင်ဖို့ Uchiha Madara က
ဒီတွေးခေါ်မှုကို သူ့ရဲ့အကျိုးအတွက်အသုံးပြုခဲ့ဖူးတယ်လို့ယုံကြည်ခဲ့ပါတယ်။



Pein ကြောင့်Jiraiya သေဆုံးသွားတဲ့အခါ...




Pein 6 ယောက်ကို Nagato ဟာ Chakra နဲ့ထိန်းချုပ်နေပါတယ်...


သော်ငြားလည်း .... သူဟာ လုံးဝအကယ်စင်စစ် ရိုသေလေးစားဖို့ ... အထူးသဖြင့် ကျရှုံးမှုတွေနဲ့ သေဆုံးမှုတွေကို တွေ့ကြုံခဲ့ပါတယ်။ Akatsuki အဖွဲ့ဝင်တွေရဲ့ မကြာခဏဖြစ်တဲ့ စကားများခြင်းဖြစ်တဲ့အခါမှာ Nagato ဟာ တစ်ခါတစ်ရံ သူတို့ကိုထိန်းချုပ်ပါတယ်။ နောက်ပြီး အဖွဲ့ဝင်တွေကြားပိုကောင်းတဲ့ဆက်ဆံရေးကို အားပေးအားမြှောက်ပြုပါတယ်။ Nagato ဟာ သူတို့ Deidara သေသွားတဲ့အခါ ၀မ်းနည်းပူဆွေးတဲ့အခါ... နောက်ပြီ Kisame ကို Hidan နဲ့ Kakuzu ကို "Zombie Brothers" ဖုတ်ကောင်ညီအစ်ကို လို့ခေါ်တဲ့အခါ ပြစ်တင်မောင်းမဲတဲ့အခါတွေမှာ အကြံပေးပြောဆိုခဲ့ပါတယ်။ Jiraiya နဲ့သူရဲ့ တိုက်ခိုက်မှုပြီးသွားတဲ့အခါမှာ... သူဟာ သူရဲ့ဆရာဟောင်း Jiraiya နဲ့ သူရဲ့စွမ်းရည်တွေကို ရိုသေမှုအနေနဲ့ ခဏတာမျှ တိတ်ဆိတ်စွာနေခဲ့ပါတယ်....

ဘာကြောင့်လဲဆိုတော့.... Konohagakure ဟာ သူ့ဘ၀ရဲ့အဖြစ်ဆိုးကို တာဝန်ယူရမယ့်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူဟာ ရန်ငြိုးအချို့ကို ရွာအတွက် ဆုပ်ကိုင်ထားပါတယ်။ သို့ပေမယ့်လည်း Jiraiya ရဲ့လွှမ်းမိုးမှုက သူတို့အတူတကွအတူနေတဲ့အချိန်တုန်းမှာ ရွာအပေါ်သူရဲ့ ထင်မြင်ချက်ကို ပြုပြင်ခဲ့တယ်။ သူဟာ နောက်ဆုံးမှာတော့ တခြားသူတွေရဲ့အဖြစ်ဆိုးကို မုန်းတီးခဲ့ခြင်းနဲ့ သူ့ရဲ့ဆရာဟောင်းကြောင့် Konoha ဟာ အကျိုးကျေးဇူးရရှိလာတယ်လို့ ယုံကြည်လာခဲ့ပါတယ်....






Konoha ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်က ...






Nagato နဲ့ Yahiko ရဲ့အလောင်းကို Konan က သူ့ရဲ့စက္ကူတွေနဲ့ထုပ်လိုက်ချိန်....


အခြားအကြောင်းအရာများတွေကတော့
- သူ့ရဲ့နာမည်အဓိပ္ပာယ်ဟာ "long-lasting gate" လို့အဓိပ္ပာယ်ရပါတယ်
- Six Paths of Pain ရဲ့ အစစ်အမှန်တွေဟာJiraiya နဲ့တစ်ခုချင်းစီ ပတ်သတ်သမျှတွေနဲ့ ဖွဲ့စည်းထားပါတယ်
- Pein မှာ သူ့ရဲ့ ရှံးနှိမ့်သွားတဲ့ရန်သူ သေမသေကို ပြန်စစ်တဲ့အကျင့်မရှိကြောင်းတွေ့ရပါတယ်
- Nagato ငယ်စဉ်က ... Orochimaru ဟာ သူနဲ့သူ့သူငယ်ချင်းတွေကိုသတ်ဖို့ပြောခဲ့ပါတယ်... ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အခါမှာ သူဟာ Orochimaru ကို Akatsuki ထဲဝင်ဖို့ခွင့်ပြုခဲ့ပါတယ်။ အဲ့အတွက်သူတို့ဟာ စစ်ပွဲရဲ့ပြင်းပြင်းထန်ထန်ခံစားမှုတွေကိုခံစားဖို့မလိုတော့ပါဘူး.. (အနည်းဆုံးအနေနဲ့ သူတို့ကြုံတွေ့ခဲ့ဖူးတာထက်ပိုဖို့မရှိတော့ပါဘူး)... ဒါပေမယ့် Orochimaru ဟာ သူသတ်ဖို့ကြိုးစားခဲ့တဲ့ Ame မိဘမဲ့ကလေးတွေထဲက နှစ်ယောက်ဟာ သူရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်လာခဲ့မယ်လို့သတိပြုမိလားဆိုတာ ဘယ်သူမှမသိပါဘူး...
- Nagato ဟာ အဖွဲ့အစည်းရဲ့ Uniform (တူညီဝတ်စုံ) မ၀တ်တဲ့တစ်ဦးတည်းသော Akatsuki အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Six Paths of Pain ကတော့ အဲ့ဒါကိုသူ့အစားဝတ်ဆင်ကြပါတယ်။
- Nagato ရဲ့ အကြိုက်ဆုံး စာပိုဒ်ကတော့ "The stars are hidden on a rainy night." (ကြယ်တွေဟာ မိုးရွာတဲ့ညမှာပုန်းကွယ်နေကြတယ်) ....
avatar
Uzumaki Naruto
Hokage
Hokage

Posts : 3
Join date : 2010-04-26
Age : 26
Location : Yangon

View user profile http://mnfs.narutorpg.org

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum